ကျမတို့ အိမ်မှာ ပြောစမှတ် ဖြစ်သွားတဲ့ မုန့် ပါ။ ဒီဓါတ်ပုံတွေ ကို မြင်တိုင်း ကျမ .ရီမိတယ်။ ဘာဖြစ်လို့ လဲ ဆိုတော့ မုန့် က ကျမ လုပ်တဲ့ မုန့် နဲ့ တကယ်တမ်းထွက်လာတဲ့ မုန့် နဲ့ က တက်တက် စင်အောင် ကို လွဲသွားလို့ ပါ။ကျမတကယ်တမ်း လုပ်တဲ့ မုန့် က နံကထိုင်လို အရသာမျိုးနဲ့ နာနတ်သီးယိုလေး က အပေါ်က နေတင်ထားတဲ့ မလေးရှား မုန့် အချိုတစ်မျိုးပါ။
တကယ်တမ်းထွက်လာတဲ့ မုန့် ကတော့ ပေါင်မုန့် ကိုမီးကင်ပြီး အပေါ်က နာနတ်သီး ယို မီးကျွမ်းထားတဲ့ မုန့် ပေါ့ .... ဒါပေမယ့် ကျမ ရဲ့ လက်စွမ်း က အားပေးတဲ့ သူ ကတော့ ကျမရဲ့ သားတော်မောင်...သားဘုန်း ကတော့ ၂ခု ကုန်အောင်စားတဲ့ အပြင်ထပ်တောင်းနေ လို့ မနည်းကို ချော့မော့ထားရတယ်။
No comments:
Post a Comment